Ador အေဂျင်စီနှင့်လက်တွဲဖြုတ်ကာ သီးခြားရပ်တည်ရန် ကြိုးပမ်းနေသည့် နာမည်ရကေပေါ့ပ်အဖွဲ့ New Jeans အား ယင်းသို့ ရပ်တည်ခွင့်မပြုကြောင်း တောင်ကိုရီးယားတရားရုံးက မတ်လ ၂၁ ရက်တွင် စီရင်ချက်ချလိုက်သည်။ ရုံးတော်အမိန့်အရ NJZ ဆိုသည့်အဖွဲ့ နာမည်သစ်ဖြင့် ဆက်လက်ရပ်တည်သွားမည့် New Jeans အဖွဲ့သည် သီချင်းသစ်ထွက်မှုမှ အစကြော်ငြာကိစ္စများ လက်ခံမှုအဆုံးမည်သည့် သီးခြားဂီတလှုပ်ရှားမှုမှ ပြုလုပ်ခွင့်မရှိပေ။ New Jeans အဖွဲ့က မတူမတန်ဆက်ဆံခံရမှု ၊ဗိုလ်ကျခံရမှုအပါအဝင် စာချုပ်ချိုး ဖောက်မှုများကို Ador အေဂျင်စီဘက်မှ မဖြေရှင်းပေးသည့်အတွက် အေဂျင်စီနှင့်လက်တွဲဖြုတ်ကြောင်း ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာ ၂၈ ရက် ညတွင် ကြေညာခဲ့သည်။



