ကိုးကန့်ဒေသ လောက်ကိုင်ဘက် အလုပ် သွားလုပ်တဲ့ တအာင်းဒေသ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာက အသက် ၃၀ ကျော်အရွယ် မဝင်းကြည်ဆိုသူ အမျိုးသမီးဟာ ၁ နှစ်ကျော် ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်နေတယ်ဟု သိရပါသည်။ပျောက်ဆုံးနေသူ မဝင်းကြည်ဟာ ကလေး ၂ ဦး မိခင်ဖြစ်ပြီး ယောကျာ်းဖြစ်သူကလည်း ၂၀၂၄ ခုနှစ်မှာ ကွယ်လွန်သွားတာကြောင့် ကလေးနှစ်ဦးကတော့ ဇယ်တုန်ဟုန်းရွာက သူမရဲ့ မိခင်ဖြစ်သူနဲ့ ကျန်ရစ်ခဲ့တယ်လို့ ၎င်းအမျိုးသမီးက ဆက်ပြောပါသည်။



