ရှမ်းမြောက်ဒေသရှိ နမ္မတူမြို့ မြို့မဈေးထဲမှာ သက်တမ်းကုန်တဲ့ စားသောက်ကုန်၊ အလှကုန်နဲ့ ဆေးဝါးတွေကို ယနေ့ မတ်လ ၂၁ ရက် မနက်ပိုင်းမှာ လိုက်လံစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါသည်။ဒီစစ်ဆေးမှုဟာ ပထမအကြိမ်ဖြစ်ပြီး သက်တမ်းကုန်တဲ့ ကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ ဆိုင်ပိုင်ရှင်တွေကို အပြစ်ပေး အရေးယူတာ မရှိသေးပေမယ့် နောက်ပိုင်းတွေမှာ သက်တမ်းကုန်တဲ့ ကုန်ပစ္စည်းတွေ ထပ်မံရောင်းချတာတွေ တွေ့ရှိရင် အရေးယူသွားမယ်လို့ သိရပါသည်။လက်ရှိမှာ စစ်ဆေးတွေ့ရှိထားတဲ့ သက်တမ်းကုန်နေတဲ့ အလှကုန်၊ ဆေးဝါးနဲ့ စားသောက်ကုန်တွေကို မီးရှို့ဖျက်စီးပစ်မယ်လို့ သိရပါသည်။



