ထိုင်းနိုင်ငံ၊ ဖူးခက် Patong Beach ရှိ နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်သည့် Bangla Road တွင် ညအချိန် နှောင့်ယှက်မှု ဆက်တိုက်ဖြစ်ပွားပြီးနောက် ဖူးခက်ရဲတပ်ဖွဲ့မှ လူ ၃၇ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။ နိုင်ငံခြားသားတစ်ဉီးမှ လိင်ပြောင်းအမျိုးသမီးတစ်ဦးထံမှ နှင်းဆီပန်း မဝယ်ကြောင်း ငြင်းနေသော်လည်း အဆိုပါ အမျိုးသမီးမှ စီးလာသည့် ဒေါက်ဖိနပ်ဖြင့် နှောင့်ယှက်နေသည်ကို ဘေးမှရပ်ကြည့်နေသူများနှင့် အခြားခရီးသွားဧည့်သည်များက ၎င်းတို့အား ခွဲထုတ်ရန် ကြားဝင်မစွက်ဖက်မီ ခိုက်ရန်ဖြစ်ပွားမှုမှာ ပြင်းထန်ခဲ့သည်။ အဆိုပါ အမှုများ ဆက်တိုက်ဖြစ်ပွါးနေသဖြင့် “ခရီးသွားလုပ်ငန်းအတွက် အပျက်သဘောဆောင်တဲ့ ပုံရိပ်ကို ဖန်တီး” တာကြောင့် အခုလိုဖမ်းဆီးရမိဖို့ လိုအပ်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပါသည်။



