ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ စန်းလုကျေးရွာတွင် (၈၀)နှစ်ပြည့် တပ်မတော်နေ့ ကို ဂုဏ်ပြုသောအားဖြင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲ ကို မတ် ၂၀ ရက်ကကျင်းပခဲ့သည်။ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး လမ်းတည်ဆောက်မှုအတွက် အလှူပြုသူများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။ထိုင်းဘတ်ငွေ ၃၀ သိန်းဘတ် ဖြင့် ဖေဖော်ဝါရီ ၂၄ ရက်မှစတင်တည်ဆောက်ခဲ့သော ၅၂၈၀ ပေရှည်၊ ၁၆ ပေကျယ်၊ ၅ လက်မထုရှိသည့် ကိုယ်ထူ ကိုယ်ထ ကွန်ကရစ်လမ်းသစ်သည် ပတ်ဝန်းကျင် ခုနှစ်ရွာမှ ပြည်သူများအား သွားလာရေး၊ စိုက်ပျိုးမှု၊ ကူးသန်းရောင်းဝယ်မှုနှင့် လူမှုဘောင်ဖွံ့ဖြိုးမှုများ အတွက် အထောက်အကူဖြစ်စေမည်ဟု သိရသည်။



