ပညာရေးဝန်ကြီးဌာနက နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံပညာကျောင်းသားများကို ရက် ၂၀ ကျောင်းပြန်တက်ခိုင်းမည်ဆိုသည့် သတင်းသည် မမှန်ပါဟု ငြင်းဆိုကြေညာခဲ့သည်။ ပညာရေးဝန်ကြီးဌာနက “နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းတက်ရောက်မည်မဟုတ်ပါ” ဟု ပြောကြားခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် အစီအစဉ်များကို ငြင်းဆိုသဖြင့် သတင်းမှန်ကိုသာ ယုံကြည်ရန် အကြောင်းကြားပြောထားပါသည်။



