back

ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ကုလသမဂ္ဂဝန်ထမ်း သေဆုံးခဲ့သည့်အပေါ် ကုလသမဂ္ဂအကြီးအကဲ အလွန်အမင်း စိတ်မကောင်းဖြစ်

Mar 20 • 9:31 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ကုလသမဂ္ဂဝန်ထမ်း သေဆုံးခဲ့သည့်အပေါ် ကုလသမဂ္ဂအကြီးအကဲ အလွန်အမင်း စိတ်မကောင်းဖြစ်

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကုလသမဂ္ဂဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည့်အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အနေဖြင့် ...

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကုလသမဂ္ဂဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည့်အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အနေဖြင့် အလွန်အမင်း စိတ်မကောင်းဖြစ်ရပြီး တုန်လှုပ်ခဲ့ရကြောင်း၊ ကုလသမဂ္ဂ ဝန်ထမ်းများအား တိုက်ခိုက်မှုမှန်သမျှကို ရှုတ်ချကြောင်း၊ ထိုဖြစ်စဉ်အား အပြည့်အဝ စုံစမ်းစစ်ဆေးရန် တိုက်တွန်းကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက မတ် ၁၉ ရက်၌ ပြောကြားခဲ့သည်။ ဂါဇာဒေသ အလယ်ပိုင်း၊ ဒီယာ အယ်လ်ဘာလာမြို့ရှိ ကုလသမဂ္ဂ ဧည့်ရိပ်သာနှစ်ခု ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ထိမှန်ခဲ့သဖြင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး ဝန်ထမ်းတစ်ဦး သေဆုံးပြီး အခြားသူငါးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂနှင့် ဂါဇာအခြေစိုက် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက မတ် ၁၉ ရက် နံနက်ပိုင်းက အတည်ပြုခဲ့သည်။

news-view-count-icon

24