ရန်ကုန်မြို့တွင် နွေရာသီနီးကပ်လာမှုကြောင့် မြေသောက်ရေအိုး ဝယ်ယူသုံးစွဲမှု တိုးမြှင့်လာသည်။ လျှပ်စစ်မီးပြတ်တားမှုများနှင့် ပူဒဏ်ကြောင့် သဘာဝအေးမြသည့် မြေအိုးရေသောက်သုံးလိုသူများ များပြားလာကြောင်း စျေးသည်များက ပြောကြားသည်။ ထို့ကြောင့် မြေသောက်ရေအိုးများ ၂၁,၀၀၀ ကျပ်မှ ၂၈,၀၀၀ ကျပ်အထိ စျေးကွက်တွင် ရောင်းချပေးလျှက်ရှိပြီး ရောင်းအားလည်း တိုးတက်လာကြောင်း သိရသည်။



