တူရကီနိုင်ငံတွင် သြဇာကြီးမားသည့် အစ္စတန်ဘူလ်မြို့တော်ဝန် အက်ကရမ်အိုင်မာမော့ဂ်လူကို အစိုးရက မတ် ၁၉ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ အိုင်မာမော့ဂ်လူသည် အဂတိလိုက်စားမှု၊ အကြမ်းဖက်မှုစွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အတိုက်အခံများကမူ ယင်းသည် အာဏာသိမ်းမှုဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ကြသည်။ အတိုက်အခံ CHP ပါတီဝင်ဖြစ်သည့် အိုင်မာမော့ဂ်လူသည် တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်၏ အကြီးမားဆုံး နိုင်ငံရေး ပြိုင်ဘက်ဖြစ်သည်။သူသည် ၂၀၂၈ ခုနှစ် သမ္မတရွေး ကောက်ပွဲတွင် CHP ပါတီကိုယ်စားပြုပြီးဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အဖြစ် တရားဝင်ရွေးချယ်မခံရမီ ရက်ပိုင်းအလိုတွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။



