လေဗာကူဆင်အသင်းကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်ကြောင့် သူ့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ စိတ်ပျက်ရဖွယ်ရှိနေပါတယ်။ Sport Bild က ဖလော်ရီယန်ဗစ်ဇ်ဟာ သူ့ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကို ဧပြီအစောပိုင်းမှာ ပြုလုပ်ဖွယ်ရှိနေပြီး သူ့ရဲ့ဦးစားပေးက လေဗာကူဆင်အသင်းမှာ ဆက်ရှိနေဖို့ဖြစ်တယ်လို့ ဖော်ပြထားတာပါ။



