back

တောင်ကိုရီးယားတွင် တက်ရောက်ရမည့် ရုပ်ရှင်မျိုးဆက်သစ် လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်းအတွက် လူငယ်ရုပ်ရှင်မျိုးဆက်သစ် ၂ ယောက် ရွေးချယ်စေလွှတ်မည်

Mar 20 • 2:55 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

တောင်ကိုရီးယားတွင် တက်ရောက်ရမည့် ရုပ်ရှင်မျိုးဆက်သစ် လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်းအတွက် လူငယ်ရုပ်ရှင်မျိုးဆက်သစ် ၂ ယောက် ရွေးချယ်စေလွှတ်မည်

တောင်ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့တွင် တက်ရောက်ရမည့် ရုပ်ရှင်မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်းအတွက် လူငယ်ရုပ်ရှင်မျိုးဆက်သစ် နှစ်ယောက်ကိုရွေးခ...

တောင်ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့တွင် တက်ရောက်ရမည့် ရုပ်ရှင်မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်းအတွက် လူငယ်ရုပ်ရှင်မျိုးဆက်သစ် နှစ်ယောက်ကိုရွေးချယ်စေလွှတ်သွားမည် ဖြစ်ကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။အဆိုပါ ရုပ်ရှင်မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်း(ASEAN-ROK Film Leader Incubator; FLY Project 2025)သို့ စေလွှတ်နိုင်ရေးအတွက် လက်ရှိမှာရွေးချယ်ရေး လျှောက်လွှာများကို ခေါ်ယူလျက်ရှိရာထိုစီမံကိန်းဟာ အာဆီယံနိုင်ငံများနှင့် Asian Film Commission Network (AFCNet) အဖွဲ့ဝင်နိုင်ငံများမှ ပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ရုပ်ရှင်မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့တွင် စက်တင်ဘာ ၄ ရက်မှ ၁၉ ရက်အထိဇာတ်လမ်းတို၊ မှတ်တမ်းရုပ်ရှင်ရိုက် ကူးခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။အဆိုပါ FLY Project 2025 သို့ တက်ရောက်ရန် လျှောက်ထားလိုသူများအနေဖြင့် မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်းမွေးဖွားသူဖြစ်ရမှာဖြစ်သလိုအနည်းဆုံးဇာတ်လမ်းတို သို့မဟုတ် မှတ်တမ်းဇာတ်လမ်းသို့မဟုတ် ဗီဒီရိုဇာတ်ကား ၂ ကားရိုက်ကူးဖူးသူဖြစ်ရမှာဖြစ်ကြောင်း၊ အင်္ဂလိပ် ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်၍ နိုင်ငံခြားခရီးသွားလာမှုအတွက် ပိတ်ပင်ခြင်းခံထားရသူ မဖြစ်ရဘဲ ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် Asian Film Academy (BAFA)တို့တွင် ပြုလုပ်သည့် အစီအစဉ် တစ်ခုခုတွင် ပါဝင်ဖူးသူမဖြစ်စေရဟုလည်း သတ်မှတ်ထားကြောင်း သိရပါတယ်။

news-view-count-icon

15