ကျန်းမာသည့်ခံတွင်းသည် ကျန်းမာသော ခန္ဓာကိုယ်အတွက် အဓိကအရေးပါပါသည်။ သွားနှင့်သွားဖုံးများကို ဂရုစိုက်ခြင်းဖြင့် ခံတွင်းရောဂါများကို ကာကွယ်နိုင်ပြီး လူနေမှုဘဝအရည်အသွေးကို မြှင့်တင်လိုက်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတိုက်တွန်းလိုက်ပါတယ်။ ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးဖြင့် တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ သွားကြားထိုးခြင်းဖြင့် ချေးများကို ဖယ်ရှားပါ။ မျှတသော အစားအစာများ စားသုံးပြီး သကြားပါဝင်မှုများသော အစားအစာများကို ကန့်သတ်ပါ။ သွားဆရာဝန်နှင့် ပုံမှန်ပြသပြီး စစ်ဆေးမှုများ ပြုလုပ်ပါဟု WHO Myanmar မှကြေညာထားပါတယ်။




