ညောင်ရွှေမြို့၌ ၂၀၂၅ ခုနှစ် နွေရာသီကျောင်းပိတ်ရက်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခြေခံအင်္ဂလိပ်သင်တန်း၊ အခြေခံဂီတာတီးသင်တန်းနှင့် အခြေခံပန်းချီသင်တန်းများကိုလည်းကောင်း၊ ကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၌ ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ စားပွဲတင်တင်းနစ်နှင့် အေရိုးဗစ်သင်တန်းများကိုလည်းကောင်း၊ ဦးစုမိန်းဓမ္မစေတီတော်၌ ယဉ်ကျေးလိမ္မာနှင့် အခြေခံဗုဒ္ဓဝင်သင်တန်းများကို လည်းကောင်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ကျောင်းသားလူငယ်များ စိတ်ပါဝင်စားစွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။



