ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် လျှော်ကုန်းကျေးရွာ အလက (လျှော်ကုန်း) ကျောင်း၌ မတ် ၁၇ ရက်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ Fire Hotspot ဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။ ပုသိမ်ခရိုင် ပတ်ဝန်းထိန်းသိမ်းရေးဦးစီးဌာနမှူးက Fire Hotspot ဖြစ်ပေါ်မှု၊ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် တာဝန်ရှိသူများက မီးခိုးမြူငွေ့အန္တရာယ်အကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။



