back

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင်မိသားစု အပိုဝင်ငွေရရှိရန်အတွက် ခွေးတောက်ပင် စိုက်ပျိုး

Mar 20 • 1:56 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင်မိသားစု အပိုဝင်ငွေရရှိရန်အတွက် ခွေးတောက်ပင် စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေ...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ခွေးတောက်ပင်များကို စိုက်ပျိုးလာကြကြောင်း၊ ယခင်က သဘာဝအလျောက်ပေါက်သော ပင်ကြီးခွေးတောက်ရွက်ကို ခူးယူ၍ ရောင်းချကြပြီး ယခုအခါတွင် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး အချိန်မရွေးစားသုံးနိုင်သော ပင်သေး (ထွက်တိုး) ခွေးတောက်ပင်များကို လယ်ယာမြေများတွင် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။ ပင်သေးခွေးတောက်ပင်ကို စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်၍ ပျိုးပင် ၄၅ ရက်သားအရွယ်တွင် ဘောင်ခတ်စနစ်ဖြင့် မြေချစိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ခွေးတောက်မျိုးစေ့ တစ်ပြည်ခန့် ကုန်ကျစိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ငါးသိန်းခန့် ကုန်ကျကြောင်း၊ ခွေးတောက်ရွက်များကို ၇-၁၀ ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်၍ တစ်ကြိမ်ခူးဆွတ်လျှင် ပိဿာချိန် ၈၀ ခန့်ရှိပြီး တစ်ဧကအတွက် တစ်လလျှင် ပိဿာချိန် ၂၄၀ ခန့်ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းများ ကွဲပြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ရန်ကုန်-မန္တလေးမြို့တို့ရှိ ဈေးများသို့ တင်ပို့ရောင်းချလျက်ရှိသည်။


news-view-count-icon

27