back

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်တွင် ပဲကြီးတစ်ဧကလျှင် ၁၂ တင်းခန့်ထွက်ရှိ

Mar 20 • 1:55 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်တွင် ပဲကြီးတစ်ဧကလျှင် ၁၂ တင်းခန့်ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲကြီးသီးနှံကို ယခင်က...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲကြီးသီးနှံကို ယခင်က လယ်ကန်သင်းရိုးနှင့် မြောင်းဘောင်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခဲ့ရာ ယခုအခါ ယာမြေနှင့် လယ်မြေများတွင် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ကျောက်ဆည်မြို့နယ်တွင် ဧက ၁၂၅၀ ခန့် စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရပြီး ယခုအချိန်တွင် ပဲကြီးသီးနှံများ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ ပဲကြီးသီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ခူးဆွတ်ရိတ်သိမ်းရသည်။ လျှက်ရှိကြောင်း၊ မျိုး၊ မြေပြုပြင်၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၅၀၀၀၀ ခန့် ကုန်ကျပြီး ပဲကြီးသီးနှံကို ငါးရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ တစ်ကြိမ်လျှင် တစ်တင်းမှ တစ်တင်းခွဲအထိ ခူးဆွတ်ရပြီး တစ်ဧကလျှင် ၁၂ တင်း ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကာ တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိကြောင်း ပဲကြီးစိုက် တောင်သူတစ်ဦးထံမှ သိရသည်။


news-view-count-icon

33