back

မလေးရှားမှာ တစ်လအတွင်း ချင်းလူမျိုး ၁၀၀ နီးပါး ဖမ်းဆီးခံရ

Mar 20 • 1:53 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မလေးရှားမှာ တစ်လအတွင်း ချင်းလူမျိုး ၁၀၀ နီးပါး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမြို့တော် ကွာလမ်လာပူအပါဝင် ကလန်တန်ပြည်နယ်၊ ဆလန်ဂေါ့ပြည်နယ်၊ ပါဟန်းပြည်နယ်၊ ပီးနန်းပြည်နယ်၊ ဂျိုဟိုးပြည်နယ်၊ ပီရက်ပြည်နယ် စတဲ့ပြည်နယ်တွေမှာ ပြီးခဲ...

မလေးရှားနိုင်ငံမြို့တော် ကွာလမ်လာပူအပါဝင် ကလန်တန်ပြည်နယ်၊ ဆလန်ဂေါ့ပြည်နယ်၊ ပါဟန်းပြည်နယ်၊ ပီးနန်းပြည်နယ်၊ ဂျိုဟိုးပြည်နယ်၊ ပီရက်ပြည်နယ် စတဲ့ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လတာအတွင်း အမျိုးသမီးအပါအဝင် ချင်းလူမျိုး ၁၀၀ နီးပါး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် ချင်းလူမျိုးတွေဆီက သိရပါတယ်။သူတို့တွေကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ တရားစွပ်စွဲခံရသူတွေရှိသလို တချို့တွေက ချင်းအဖွဲ့အစည်းတွေရဲ့ ကူညီဆောင်ရွက်ပေးမှုနဲ့ ပြန်လွတ်လာကြတယ်လို့ သိရပါသည်။ဒီကနေ့ထိ မလေးရှားနိုင်ငံ၊ ပြည်နယ်အသီးသီးက မြို့နေရာအနှံမှာ ဖမ်းဆီးမူတွေရှိနေသေးပြီးအထောက်အထားမဲ့ ချင်းလူမျိုးတွေလည်း ဖမ်းဆီးခံရမူ ရှိနေရဆဲဖြစ်ပါတယ်။


news-view-count-icon

21