နေပြည်တော်တွင် ကျင်းပသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် COVID-19 နောက်ဆက်တွဲသက်ရောက်မှုကြောင့် လျော့နည်းသွားသော ချေးငွေပမာဏနှင့် အသင်းဝင်ဦးရေပြန်လည်တိုးတက်ရေးအတွက် လိုအပ်သည့် မတည်ငွေရင်းရယူမှု၊ ငွေကြေးဝန်ဆောင်မှုဖွံ့ဖြိုးရေး၊ MSME လုပ်ငန်းများထောက်ပံ့မှုနှင့် အွန်လိုင်းလိမ်လည်မှုကာကွယ်မှုများကို ဆွေးနွေးခဲ့ကြသည်။



