ယနေ့ မတ် (၁၉) ရက်တွင် ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) မှတဆင့် EPS စန စ်ဖြင့် လုပ်သားသစ် (၁၂၄) ဦးစေလွှတ်ခဲ့ကြောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ထုတ်ပြန်ထားသည်။၎င်းတို့မှာ ကုန်ထုတ်လုပ်သား (၅၈) ဦး၊ သစ်တောလုပ်သား (၂၅) ဦး၊ ဆောက်လုပ်ရေးလုပ်သား (၁၉) ဦး ဝန်ဆောင်မှုလုပ်သား (၇) ဦး (အမျိုးသမီး (၁) ဦး) နှင့် စိုက်ပျိုး/မွေးမြူ ရေးလုပ်သား (၁၅) ဦး စုစုပေါင်း လုပ်သားသစ် (၁၂၄) ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဥ်ဖြင့် ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သ ည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။



