၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်အစောပိုင်းက ထိုင်း - မြန်မာ နယ်စပ်ဒေသ မိုင်းဆတ်ခရိုင် နှင့် ချင်းမိုင်ခရိုင်အကြား မယ့်အိုင်းဒေသအတွင်းသို့ မြန်မာဘက်ကနေ မူးယစ်ဆေးဝါး သယ်လာသည့် အဖွဲ့နှင့် ထိုင်းနယ်စပ်ကင်းအလှည့်အဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာမှ မူးယစ်ဆေးသယ်ဆောင်လာသည့်အဖွဲ့ဘက်မှ တစ်ဦးသေပြီး မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိသည်ဟု ထိုင်းစစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အဖွဲ့ဝင် (၁)ဦး သေဆုံးသည်ကို တွေ့ရပြီး အနီးတွင် သေနတ်တစ်လက်နှင့် အထုပ် (၂)ထုပ်ကို တွေ့ရကြောင်း သိရသည်။တွေ့ရှိ သိမ်းဆည်းရမိသည့် အထုတ် (၂)ကို စစ်ဆေးရာတွင် စိတ်ကြွရူးသွပ်ဆေးပြား (၃)သိန်းကို စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။



