back

ရောဂါဖြစ်နေတဲ့ နွားနောက်တွေအတွက် ကာကွယ်ဆေးအခမဲ့ပေးမယ်လို့ မင်းတပ်မြို့နယ်အဖွဲ့ကအသိပေး

Mar 19 • 3:52 PM

breaking-news

မြန်မာ

ချင်း

cover

ရောဂါဖြစ်နေတဲ့ နွားနောက်တွေအတွက် ကာကွယ်ဆေးအခမဲ့ပေးမယ်လို့ မင်းတပ်မြို့နယ်အဖွဲ့ကအသိပေး

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်း ဒေါင့်သန်းရောဂါဖြစ်ပွားနေတဲ့ နွားနောက်တွေအတွက် ကာကွယ်ဆေး အခမဲ့ထောက်ပံ့ပေးမှာဖြစ်တာကြောင့် ကျွဲ၊နွား၊နွားနောက် အကော...

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်း ဒေါင့်သန်းရောဂါဖြစ်ပွားနေတဲ့ နွားနောက်တွေအတွက် ကာကွယ်ဆေး အခမဲ့ထောက်ပံ့ပေးမှာဖြစ်တာကြောင့် ကျွဲ၊နွား၊နွားနောက် အကောင်ရေစာရင်းတွေပြုစုပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာနကို ချိတ်ဆက်ပြီး သွားရောက်ထုတ်ယူကြဖို့ မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါသည်။လက်ရှိမြို့နယ်အတွင်း ဒေါင့်သန်းရောဂါဖြစ်နေတဲ့ နွားနောက်တွေရဲ့ ပိုင်ရှင်တွေကို ဒေါင့်သန်းရောဂါကာကွယ်ဆေး (Anthrax Vaccine) အခမဲ့ထောက်ပံ့မှာဖြစ်တာကြောင့် မိမိတို့ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်မှုနယ်မြေအတွင်းက ကျွဲ၊နွား၊နွားနောက် အကောင်ရေစာရင်း တွေပြုစုပြီး မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဌာနကို ချိတ်ဆက် ထုတ်ယူဖို့ အသိပေးထားပါသည်။



news-view-count-icon

27