တိုင်းရင်းသားဒေသအချို့တွင် နှစ်စဉ်ယခုရာသီ၌ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးရန် ဧကရာချီ တောင်ယာမီးရှို့မှုများ ပြုလုပ်နေကြကာ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ လုပ်ရှားနေသူများအကြံပြုထားပါတယ်။မီးရှို့ခြင်းသည် နောက်ဆက်တွဲအနေနှင့် ရေရှားပါးမှုများဖြစ်စေနိုင်ကြောင်း ဒေသခံများက ရိုးရာလို့ဆိုပေမယ့်နောက်ဆက်တွဲ ဖြစ်လာမည့် ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားကြရန်၊ ဆင်ခြင်ကြရန် အကြုံပြုလိုကြောင်း သိရသည်။ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောမီးများရှို့ခြင်းများ၊ တောက်ယာမီးရှို့မှုများပြုလုပ်ရာမှ မြို့ရွာထိမီးလောင်ခြင်းများရှိသလို လက်ရှိတွင် ဖယ်ခုံ- ပင်လောင်း မြို့ နယ်စပ်တွင် မတ်လ ၁၅ ရက်နေ့ကစပြီး ၁၇ ရက်နေ့အထိ ၃ ရက်ဆက် တောမီးကူးစက် လောင်ကျွမ်းနေကြောင်းသိရပါတယ်။



