ယခုလာမည့် ဧပြီ ၁ ရက်မှစတင်ပြီး တရုတ်နိုင်ငံသို့ ကုန်တင်ယာဉ်များမှ ဝမ်းပုံစနစ် (1box/truck) ဖြင့် သစ်သီးတင်သွင်းခွင့် မပြုတော့ကြောင်း တရုတ် တာလော့အကောက်ခွန်ဌာန မှ ထုတ်ပြန်လိုက်သည်။ထို့ကြောင့် သစ်သီးတင်ပို့သူများသည် လုံးချင်းသို့မဟုတ် တစ်စုချင်းထုတ်ပိုးမှု (Packing) စနစ်ဖြင့်သာ တင်ပို့ခွင့် ရရှိမည် ဖြစ်သည်။



