ယခုနောက်ပိုင်း မြန်မာ့လက်မှုပညာကျောက်စီပန်းချီကားများ လူကြိုက်များလာပြီး မွေးနေ့၊ မင်္ဂလာဆောင်နှင့် ကိုယ်ချစ်မြတ်နိုးသူများအတွက် အမှတ်တရလက်ဆောင်အဖြစ် မှာယူမှုများတိုးလာသည်။ အနိမ့်ဆုံးသောင်းဂဏန်းမှ သိန်းနှစ်ဆယ်ဝန်းကျင်ထိရှိသည့် ဈေးနှုန်းများဖြင့် လူကြီးမိဘများ၊ ဆရာသမားများနှင့် မင်းသားမင်းသမီး ပုံတူပန်းချီများကို မှာယူသူများများပြားလာပြီး, မန္တလေးနှင့် မိုးကုတ်မြို့များတွင် အဓိကလုပ်ကိုင်နေကြသည်။



