ရပ်ကွက်များတွင် ငွေကြေးအခက်အခဲကြောင့် ငွေချေးယူသူများ တိုးလာသော်လည်း, ပြန်မဆပ်နိုင်သူများနှုန်းလည်း ယခင်ထက်မြင့်တက်လာမှုကြောင့် ငွေတိုးချေးလုပ်ငန်းများတွင် ဆုံးရှုံးမှုများလာကြောင်း သိရသည်။အထူးသဖြင့်, စီးပွားရေးအခက်အခဲကြောင့် နေ့စဉ်စားဝတ်နေရေးနှင့် လုပ်ငန်းအရင်းအနှီးလိုအပ်မှုများကြောင့်, အတိုးနှုန်းမြင့်သော မတ်တိုး, နေ့ပြန်တိုး စသော ငွေချေးပုံစံများဖြင့် ငွေချေးယူသူများ တဖြည်းဖြည်းတိုးလာနေသည်။ သို့သော်, ငွေချေးယူသူများထဲမှ တချို့သည် စီးပွားရေးမတည်ငြိမ်မှုကြောင့် ပြန်မဆပ်နိုင်ဘဲ ထွက်ပြေးတိမ်းရှောင်မှုများဖြစ်လာပြီး, ငွေတိုးချေးစားသူများအနေဖြင့် အတိုးနှုန်းများ တိုးမြှင့်ကောက်ခံရသောအခြေအနေများလည်း ရှိလာနေကြောင်း သက်ဆိုင်ရာများမှ ပြောကြားထားသည်။



