back

ကရင်ပြည်နယ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း၂၉ မျိုးဖမ်းမိခဲ့

Mar 19 • 4:56 AM

breaking-news

မြန်မာ

ကရင်

breaking-news
cover

ကရင်ပြည်နယ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း၂၉ မျိုးဖမ်းမိခဲ့

မတ်လ ၁၆ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ဘားအံ...

မတ်လ ၁၆ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ် ၁၈ စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း၂၉ မျိုး၊ လူသုံးကုန်ပစ္စည်း ၁၃ မျိုး၊ စားသောက်ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၈,၅၂၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ Hino Profia Truck တစ်စီး၊ Chenglong Tractor Head ငါးစီး၊ Man Tractor Head သုံးစီး၊ Dong Feng Tractor Head သုံးစီး၊ Nissan Diesel Tractor Head နှစ်စီး၊ Howo Sinotruk Tractor Head တစ်စီး၊ Hino Tractor Head တစ်စီး၊ Volvo Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် ၁၆ တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၈၂,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၆၀,၅၂၅,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။


news-view-count-icon

14