မတ်လ၁၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရပ်စောက်မြို့နယ် ဗထူးတပ်နယ် မင်းကြီးသုံးပါး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၇ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၉,၉၇၈,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head နှစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်သုံးတွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့အထွက် (၄)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လားရှိုးမြို့မှ တောင်ကြီးမြို့သို့သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၃၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် KIA BONGO III Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၄,၀၁၀,၅၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။
ရှမ်းပြည်နယ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၇ မျိုး ဖမ်းမိခဲ့
Mar 19 • 4:54 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 14 | 0 | 0 | 0 |


