ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၆) နှင့် (၇) အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက KG+12 စနစ်သစ်ပညာရေးစနစ်၏ နောက်ဆုံးအရည်အချင်းစစ်စာမေးပွဲဖြစ်၍ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန်နှင့် အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက အမြန်ဆုံးသတင်းပို့၍ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာစာစစ်ဌာနများသို့လည်း ပညာရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။



