back

ရာသီဥတုပူပြင်းလာသည်နှင့်အမျှ ရှမ်း-ကရင်နီ (ကယား)နယ်စပ်ဖြစ်သည့်ဖယ်ခုံအနောက်ဘက်ခြမ်းတွင် ရေရရှိနိုင်ဖို့ ပိုမိုခက်ခဲလာ

Mar 18 • 8:49 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရာသီဥတုပူပြင်းလာသည်နှင့်အမျှ ရှမ်း-ကရင်နီ (ကယား)နယ်စပ်ဖြစ်သည့်ဖယ်ခုံအနောက်ဘက်ခြမ်းတွင် ရေရရှိနိုင်ဖို့ ပိုမိုခက်ခဲလာ

ရှမ်း-ကရင်နီ (ကယား)နယ်စပ် ဖယ်ခုံအနောက်ဖက်ခြမ်းရှိကျေးရွာများတွင် ရာသီဥတုပူပြင်းလာပြီး အများသုံးရေကန်၊ ရေထွက်ပေါက် စသည် ရေအရင်းအမြစ်များ ခြောက်ခမ်းလာကာ ဒေသခံများ...

ရှမ်း-ကရင်နီ (ကယား)နယ်စပ် ဖယ်ခုံအနောက်ဖက်ခြမ်းရှိကျေးရွာများတွင် ရာသီဥတုပူပြင်းလာပြီး အများသုံးရေကန်၊ ရေထွက်ပေါက် စသည် ရေအရင်းအမြစ်များ ခြောက်ခမ်းလာကာ ဒေသခံများ ရေရရှိနိုင်ဖို့ရန် ခက်ခဲလာနေပါတယ်။"အရင်က အဲ့အများသုံးကန်ကနေ ရေပေးဝေတာမျိုးရှိတယ်၊ အဲ့ကန်လည်းရေကုန်သွားပြီ၊ အခုတော့ ၀ယ်သုံးရတာပေါ့လေ ၊ ၀ယ်မယ်ဆိုလည်း ကားတစ်စီးစာကို ၂၅,၀၀၀ ကနေ ၃၀,၀၀၀ ထိပေးရတယ်၊ ဈေးကြီးတယ်၊ အရမ်းကို ချွေတာသုံးရတယ်၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေချိုးဖို့ဘာညာ လုံလုံလောက်လာက်မရဘူး" ဟု ဒေသခံတစ်ဦးကဆိုပါတယ်။ရေလုံလောက်စွာမရရှိမှုကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးပိုင်းတွင်ထိခိုက်လာပြီး ကလေးများ ရောဂါများ ဖြစ်ပွားမည်ကိုစိုးရိမ် ရကြောင်းသိရပါတယ်။

news-view-count-icon

24