back

နေပြည်တော်နှင့် ရန်ကုန်တွင် တစ်ရက်တည်း၌ တောမီးလောင်ကျွမ်းမှု(၆)ကြိမ်ဖြစ်ပွားခဲ့

Mar 18 • 8:47 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နေပြည်တော်နှင့် ရန်ကုန်တွင် တစ်ရက်တည်း၌ တောမီးလောင်ကျွမ်းမှု(၆)ကြိမ်ဖြစ်ပွားခဲ့

နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် ယမန်နေ့ မတ် ၁၇ ရက်တစ်ရက်တည်း၌ပင် တောမီးလောင်ကျွမ်းမှု၊ ကိုင်းတောမီးလောင်မှုနှင့် မြက်ခြောက်မီးလောင်မှု (၆)ကြိမ်ဖြစ်ပွားခဲ့...

နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် ယမန်နေ့ မတ် ၁၇ ရက်တစ်ရက်တည်း၌ပင် တောမီးလောင်ကျွမ်းမှု၊ ကိုင်းတောမီးလောင်မှုနှင့် မြက်ခြောက်မီးလောင်မှု (၆)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။မတ် ၁၇ ရက်ည ၈ နာရီ ၁၆ မိနစ်ခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၅၆)၊ အဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရုံးဘေးတွင် တောမီးလောင်မှုဖြစ်ပွား၍ ဥတ္တရနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ည ၆ နာရီ ၁၀ မိနစ်ခန့်ကလည်း ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၁၇)၊ ရာထူးဝန်ရုံးရှေ့တွင် တောမီးလောင်မှုဖြစ်ပွား၍ ဥတ္တရမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၅၅ မိနစ်တွင်မီးငြိမ်းသွားခဲ့ပါတယ်။


news-view-count-icon

36