တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန Basic Networking သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့သည်။ ဝန်ကြီးက ICT နည်းပညာသည် မရှိမဖြစ်လိုအပ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သေချာစွာ လေ့လာသင်ယူကြရန် တိုက်တွန်းခဲ့ပြီး ဒုတိယဝန်ကြီးက ဆရာဆရာမများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ သင်တန်းတွင် သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့သင်ကြားမှုများကို လေ့လာကြည့်ရှုခဲ့ကြပြီး သင်တန်းသား ၁၇ ဦးသည် ရက်သတ္တနှစ်ပတ်ကြာ သင်ကြားလေ့လာကြမည်ဖြစ်သည်။



