ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်ဖြေဆိုမှုကို နေပြည်တော်ရှိ စာစစ်ဌာနများတွင် လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထိုသို့ ကြည့်ရှုစဉ် စာမေးပွဲ အစဉ်အလာနှင့်အညီ အနှောင့်အယှက်မဖြစ်စေရေးအတွက် တာဝန်ရှိသူများအား တာဝန်ကျေပွန်စွာ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။



