မိုင်ပေါင်း ၁၀၁၀ ခန့် (ကီလိုမီတာ ၁၆၄၃) ရှည်လျားတဲ့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက် လာမယ့် ဆယ်နှစ်အတွင်း ခြံစည်းရိုးကာမယ့် အစီအစဉ်ကို အိန္ဒိယအစိုးရ အရာရှိတွေက လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းထားတာလို့ The Hindu သတင်းဌာနက မတ်လ ၁၆ ရက်နေ့ ထုတ်တဲ့ သတင်းမှာ ဖော်ပြပါတယ်။



