ရွှေချည်ထိုးလုပ်ငန်း ကျွမ်းကျင်လုပ်သားနှင့် ပညာရှင်များရှားပါးလာ၍ ပျောက်ကွယ်လုနီးပါးဖြစ်လာ နေ ကြောင်း ရွှေချည်ထိုးလက်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ယခုလို ပညာသားပါပြီး လက်ဝင်လှသည့် လက်မှုအနုပညာဖန်တီးမှုများသည် ကျွမ်းကျင်လုပ်သားနှင့် ပညာရှင် များရှားပါးမှုများအပြင် ကုန်ကြမ်းအခက်အခဲများနှင့် စျေးကွက်ပျက်လာခြင်းကြောင့် ယင်းလုပ်ငန်းမှာ ပျောက် ကွယ်လုနီးပါးဖြစ်လာကြောင်း သိရသည်။လက်ရှိ ရန်ကုန်မြို့တွင် ရွှေချည်ထိုးလုပ်ငန်းနှင့် အသက်မွေးသူအရေအတွက်သည် ဆယ်ဂဏန်းအောက်လောက် သာရှိပြီး ၊ ယခုလို ပညာသင်ပြီး လက်ဝင်လှသည့် လက်မှုအနုပညာဖန်တီးမှုများသည် ကျွမ်းကျင်လုပ် သား နှင့် ပညာရှင်ရှားပါးမှုများအပြင် ကုန်ကြမ်းအခက်အခဲနှင့် စျေးကွက်ပျက်လာခြင်းကြောင့် ပျောက်ကွယ်လု နီးပါး ဖြစ်လာကြောင်း ရွှေချည်ထိုးလက်မှုပညာရှင်များက သုံးသပ်ပြောကြားပါသည်။



