စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၅-ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည် သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီးအဆိုပါ နွေရာသီ အခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ Fitness Dance/ အေရိုးဗစ်၊ ၊ ဖူဆယ်၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ တင်းနစ်၊ ပိုက် ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ကြက်တောင်၊ ဗိုဗီနမ်၊ အားကစား (၁၃)မျိုး၌ သင်တန်း သား၊သင်တန်းသူ ၇၄၄ ဦးတက်ရောက်ကြပြီး သင်တန်းကာလ ၁ လ ကြာဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။



