ရှမ်းမြောက် နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာကြားက ၁၃ မိုင်မှာ ဆိုင်ကယ်တစ်စီးက ကားအကြီးကို ကျော်တက်ဖို့ လုပ်နေချိန်မှာပဲ ဆိုင်ကယ်က ကားအောက်ရောက်သွားပြီး ကားကြိတ်မိကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ဒဏ်ရာရတဲ့ အမျိုးသမီးကိုတော့ နမ့်ခမ်းဂရုဏာပရဟိတအသင်းက နမ့်ခမ်းဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နမ့်ခမ်းဂရုဏာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။သေဆုံးသွားသူ အမျိုးသားဟာ အသက် (၃၄) နှစ်အရွယ် လိုမ်သိန်းအောင်ဆိုသူဖြစ်ပြီး နမ့်ခမ်းမြို့နယ် နမ့်စိတ်ကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။



