back

မြိတ်တွင် အသက် ၇နှစ်အရွယ် မိန်းကလေးငယ် ပျောက်ဆုံးနေပြီး လေးရက်ကြာအထိ ပြန်မတွေ့

Mar 17 • 1:17 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

မြိတ်တွင် အသက် ၇နှစ်အရွယ် မိန်းကလေးငယ် ပျောက်ဆုံးနေပြီး လေးရက်ကြာအထိ ပြန်မတွေ့

မြိတ်မြို့၊ မြိတ်‌တောင်အုပ်စု၊ တရုတ်တန်းရပ်၊ အေးမြဖြူစင်လမ်း‌တွင်နေထိုင်သည့် အသက် ၇ နှစ်အရွယ် မသီသီဝင်းသည် မတ်လ ၁၄ ရက်က ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ရက်ကွက်နေ...

မြိတ်မြို့၊ မြိတ်‌တောင်အုပ်စု၊ တရုတ်တန်းရပ်၊ အေးမြဖြူစင်လမ်း‌တွင်နေထိုင်သည့် အသက် ၇ နှစ်အရွယ် မသီသီဝင်းသည် မတ်လ ၁၄ ရက်က ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ရက်ကွက်နေသူအချို့ ပြောသည်။ယင်းနေ့ နံနက်ပိုင်းက ရပ်ကွက်အတွင်း မသီသီဝင်းနှင့် အခြားကလေးငယ်များ ကစားနေချိန် ဘုန်းကြီးတစ်ပါးက လာရောက်ခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။မိန်းကလေးငယ်အား ခေါ်သွားသည်ကို သိရသည့်အချိန်တွင် မိဘဖြစ်သူက အဆိုပါဘုန်းကြီးထံ ချက်ချင်းဖုန်းဆက်ကာ ကလေးကိုပြန်ပို့ပေးရန် ပြောဆိုခဲ့သော်လည်း ပြန်လည်‌ပြောဆိုခြင်းမရှိဘဲ ဖုန်းစက်ပိတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။



news-view-count-icon

26