ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံ တားပေါ်မှ လိုင်စင်မဲ့ယာဉ်များကို ဖြတ်သန်းခွင့်ပိတ်ပင်ထားသဖြင့် မဲဆောက်ဘက်သို့ ဝင်ရောက်သည့် မော်တော်ယာဉ်အစီးရေ လျှော့ကျသွားကြောင်း သိရသည်။ယခင်က ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ နေ့စဉ်ဖြတ်သန်းသွားလာသည့် ကားအစီးရေ (၁၀၀၀) ကျော်ရှိခဲ့သော်လည်း ယနေ့ မတ်လ ၁၇ ရက်တွင် ကားအစီးရေ (၈၀၀) ခန့်သာ ဖြတ်သန်းသွားလာမှုရှိကြောင်း မြဝတီ-မဲဆောက် အမှတ် (၁) တံတား မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုစာရင်းအရ သိရသည်။



