မတ် (၁၇) ရက်နေ့မှာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပထမနေ့ဖြစ်တဲ့ မြန်မာစာကို စတင်ဖြေဆိုနေပြီ ဖြစ်ပြီးအခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ ကျောင်းသား/ကျောင်းသူဦးရေ ၂၂၀,၀၀၀ ဝန်းကျင်စာရင်းပေးသွင်းထားတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါသည်။စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ပြီး ဆေးဝါးကုသမှုခံယူနေကြတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ဆေးရုံစာဖြေဌာနလေးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနဲ့ သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့မှာ စီစဉ်ထားတယ်လို့ မတ် ၈ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါသည်။



