တိုင်ဖုန်း မုန်တိုင်းဒဏ်ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး ပျက်စီးခဲ့တဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်က ကင်းသာ ရေထိန်းတမံပြုပြင်မှု ၉၃ရာလိုင်နှုန်းပြီးစီးခဲ့တယ်လို့မတ် ၁၆ရက်ကထုတ်ပြန်ပါသည်။လက်ရှိမှာတော့ တပ်ကုန်းအတွင်းမှာ ရှိနေတဲ့ ကင်းသာ တမံပြုပြင်ခြင်းလုပ်ငန်းကို ပြည်ထောင်စု ရန်ပုံငွေ ၃၈၀၁ သန်းနဲ့ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းကို ဆောင်ရွက်နေပြီး ၉၃ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်တာကြောင့် အခုနှစ် မတ်လ ကုန်အတွင်း အပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ပါသည်။



