မကွေးသို့လူနာပြန်ပို့သည့် ပရဟိတကားတစ်စီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင် ၉၇/၅ နှင့် ၉၇/၆ ကြားတွင် တိမ်းမှောက်မှုဖြစ်ခဲ့ရာမှ ကနဦးသေဆုံးသူနှစ်ဦးနှင့် နောက်ထပ်တစ်ဦးအပါအဝင် စုစုပေါင်း သုံးဦးသေဆုံးသွားကြောင်း လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။အဆိုပါဖြစ်ရပ်မှာ မတ်လ ၁၆ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး လမ်းဖြတ်ကူးသည့် ခွေးကိုရှောင်ရာမှ အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်းတွင်ရှိသော ထန်းပင်၊ ခရေပင်များကိုတိုက်မိ၍ သုံးလေးပတ်လောက် လှိမ့်သွားကာ တိမ်းမှောက်သွားခြင်းလည်း ဖြစ်ကြောင်း ဆိုကြသည်။ထိုဖြစ်ရပ်ကြောင့် ယာဉ်မောင်းဖြစ်သူ သိန်းဇော်ဦး အား မြို့ချောင်းအမြန်လမ်းရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။



