back

Demand Letter စိစစ်နိုင်ရန် စာရွက်စာတမ်းများ ပေးပို့နိုင်သည့် ဂျပန်ကုမ္ပဏီ ၂၀၃ ခု၏စာရင်းထုတ်ပြန်

Mar 17 • 10:50 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

Demand Letter စိစစ်နိုင်ရန် စာရွက်စာတမ်းများ ပေးပို့နိုင်သည့် ဂျပန်ကုမ္ပဏီ ၂၀၃ ခု၏စာရင်းထုတ်ပြန်

အလုပ်ကမ်းလှမ်းစာ (Demand Letter) များ စိစစ်နိုင်ဖို့အတွက် စာရွက်စာတမ်းများပေးပို့နိုင်တဲ့ ကုမ္ပဏီ (၂၀၃) ခုရဲ့ အမည်စာရင်းကို မြန်မာသံရုံး၊ တိုကျိုမှ မတ်လ ၁၇ ရက်မ...

အလုပ်ကမ်းလှမ်းစာ (Demand Letter) များ စိစစ်နိုင်ဖို့အတွက် စာရွက်စာတမ်းများပေးပို့နိုင်တဲ့ ကုမ္ပဏီ (၂၀၃) ခုရဲ့ အမည်စာရင်းကို မြန်မာသံရုံး၊ တိုကျိုမှ မတ်လ ၁၇ ရက်မှာ ထုတ်ပြန်ထားပါသည်။အခုထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြပါရှိတဲ့ ကုမ္ပဏီများအနေနဲ့ Demand Letter စိစစ်နိုင်ရန်အတွက် လိုအပ်တဲ့အချက်အလက်များကို Labour SectionMyanmar Embassy, Tokyo 4-8-26, Kita Shinagawa, Shinagawa Ku, Tokyo 140-0001သို့လိပ်မူပေးပို့ရမှာ ဖြစ်ပါတယ်။အဆိုပါထုတ်ပြန်ကြေညာတဲ့ စာရင်းမှာ ပါဝင်တဲ့ ကုမ္ပဏီများအနက် အချို့ကုမ္ပဏီများဟာ ကြေညာ ချက်မထုတ်ပြန်မီကတည်းက သံရုံးသို့ စာရွက် စာတမ်း၊ အချက်အလက်များ ကြိုတင်ပေးပို့မှုများ ပြုလုပ်ထားကြရာကြောင်း၊ အဲဒီလို ကြိုတင်ပေးပို့ခြင်းမှာ အကျုံးဝင်မှု မရှိကြောင်းနဲ့ လက်ရှိကြေညာ ချက်အတွင်း ပါရှိမှသာ ကြေညာချက်အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်း၊ အထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။ 


news-view-count-icon

29