စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ ၁၂ တန်းပညာရေး တက္ကသိုလ်ဝင်စာမေးပွဲတွေကို ဒီကနေ့ မတ်လ ၁၇ရက်နေ့ကစလို့ ကျင်းပနေပြီး စာမေးပွဲ ပထမနေ့၊ မြန်မာဘာသာရပ်ကို ရန်ကုန်မြို့က အထက်တန်းကျောင်းကြီးတွေမှာ ပြုလုပ်ခဲ့တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ အခုစာမေးပွဲကို မတ်လ ၁၇ရက်ကနေ ၂၂ ရက်အထိ ဆက်တိုက်ကျင်းပမှာဖြစ်သလို ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၂ သိန်းကျော်ရှိတယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီနှစ်ကျင်းပတဲ့ စာမေးပွဲဟာ KG+12 ပညာရေးစနစ်အောက်က Grade 12 ရဲ့ ဒုတိယ အကြိမ်မြောက် တက္ကသိုလ်ဝင်စာမေးပွဲဖြစ်ပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရဆိုရင် အရင်နှစ်ကထက် ဖြေဆိုသူဦးရေ တိုးလာတာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့နှစ်ကတော့ လုံခြုံရေးကြောင့် မတ်လစာမေးပွဲတွေမှာ မဖြေဆိုနိုင်ခဲ့တဲ့ကျောင်းသားတွေ အတွက် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ဧပြီလနဲ့ မေလတွေမှာ စာမေးပွဲတွေကို ထပ်မံကျင်းပပေးခဲ့ပါတယ်။



