back

ကရာဘောင်းဖလားဗိုလ်လုပွဲမှာ ငှက်ကျားတွေကို ချန်ပီယံဆု ဒူးထောက် ဆက်သပြီး ငါးရက်အတွင်း ဖလားနှစ်လုံး လက်လွှတ်ခဲ့ရတဲ့ လီဗာပူး

Mar 17 • 2:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကရာဘောင်းဖလားဗိုလ်လုပွဲမှာ ငှက်ကျားတွေကို ချန်ပီယံဆု ဒူးထောက် ဆက်သပြီး ငါးရက်အတွင်း ဖလားနှစ်လုံး လက်လွှတ်ခဲ့ရတဲ့ လီဗာပူး

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစလို့ လီဗာပူးကို ပြိုင်ပွဲစုံ ၁၇ ပွဲတွေ့ရာမှာ သရေနဲ့အရှုံးချည်းရင်ဆိုင်ခဲ့ရတဲ့ ငှက်ကျားတွေဟာ ဒီနေ့မှာတော့ ကြိုးကြာတွေကို ပွဲစကတည်းက အတောင...

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစလို့ လီဗာပူးကို ပြိုင်ပွဲစုံ ၁၇ ပွဲတွေ့ရာမှာ သရေနဲ့အရှုံးချည်းရင်ဆိုင်ခဲ့ရတဲ့ ငှက်ကျားတွေဟာ ဒီနေ့မှာတော့ ကြိုးကြာတွေကို ပွဲစကတည်းက အတောင်ရိုက်ချိုးဖို့ ကြိုးစားခဲ့ပြီး တိုက်စစ်နဲ့ အဖွင့်စခဲ့တာပါ။ငှက်ကျားတွေဟာ လှလှပပ အနိုင်ယူဖို့ကြိုးစားနေတာကြောင့် ကြိုးကြာတွေ အခက်တွေ့နေခဲ့ရပြီး ပထမပိုင်းတစ်ပိုင်းလုံးမှာ လီဗာပူးလိုအသင်းကြီးဟာ ဂိုးကန်သွင်းချက်တစ်ကြိမ်မှ မရှိခဲ့ဘဲ ငှက်ကျားတွေက ၉ ကြိမ်ကန်သွင်းခဲ့ရာမှာ ထရစ်ပီယာရဲ့ ထောင့်ကန်ဘော တင်ပို့မှုကနေ ဒန်ဘန်းရဲ့ ခေါင်းတိုက်မှုဟာ ကယ်လက်ဟာ အားနည်းချက်ကြောင့် ပထမပိုင်း ၄၅ မိနစ်မှာ ဂိုးဝင်သွားခဲ့ပြီး နှစ်နစ်ဆက်ကရာဘောင်းချန်ပီယံဖြစ်ချင်နေတဲ့ ကြိုးကြာတွေ ဖိအားစဝင်လာခဲ့ပါတယ်။နှစ်ဂိုးပြတ်ရှုံးအပြီးမှာ ကြိုးကြာတွေ ပျံနိုင်ဖို့ ကြိုးစားလာပေမဲ့ အားထုတ်မှုတွေ အတောင်ကျိုးနေခဲ့သလို နစ်ခ်ပုပ်ကလည်း ပထမနေရာကို အကောင်းဆုံးကာကွယ်ဖို့ ကြိုးပမ်းနေခဲ့တာကြောင့် လီဗာပူးတို့ အားထုတ်သမျှ အချည်းနှီးသာဖြစ်ခဲ့ရပြီး ဒုတိယပိုင်းမှာ ငှက်ကျားတွေရဲ့ ဂိုးပေါက်ကို ၅ ခါကန်နိုင်ခဲ့သလို လူကျွံထောင်ချောက်ကနေ လွတ်ထွက်လာတဲ့ ချီယေဆာက ပွဲကစားချိန် ၉၄ မိနစ်မှာ ချေပဂိုးသွင်းခဲ့ပေမဲ့ အဆုံးသတ်မှာတော့ အရှုံးရလဒ်နဲ့ပဲ ဒူးထောက်ခဲ့ရပြီး ၉ နှစ်တာလုံးလုံး သူတို့အနိုင်ကျင့်ခဲ့တဲ့ ငှက်ကျားတွေရဲ့ လက်စားချေမှုကို ဖလားတစ်လုံးလက်လွှတ် ဆက်သရမှုနဲ့အတူ အရှုံးဒဏ်ကို နင့်နင့်သည်းသည်းခံစားလိုက်ရပါတော့တယ်။

news-view-count-icon

22