back

၂၀၂၅ ခုနှစ် ပြည်တွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ယနေ့ စတင်ဖြေဆို

Mar 17 • 2:40 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅ ခုနှစ် ပြည်တွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ယနေ့ စတင်ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို မတ်လ ၁၇ ရက်ကနေ မတ်လ ၂၂ ရက်အထိ ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်ပြီး ပထမဆုံးနေ့ဖြစ်တဲ့ ဒီန...

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို မတ်လ ၁၇ ရက်ကနေ မတ်လ ၂၂ ရက်အထိ ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်ပြီး ပထမဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ မြန်မာစာဘာသာ စတင်ဖြေဆိုခဲ့ကြပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ၁၄၆,၅၀၀ ကျော်ရှိခဲ့ပြီး လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၀၀ ကျော် (ဖြေဆိုသူဦးရေ ၈၈ ရာခိုင်နှုန်းခန့်) ရှိခဲ့သလို ဖြေဆိုသူဦးရေရဲ့ ၅၈ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ၇၄,၅၉၂ ဦး စာမေးပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

news-view-count-icon

41