မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်မှ လိုင်စင်မဲ့ယာဥ်များဖြတ်သန်းသွားလာခွင့်ပိတ်ပင် မတ် ၁၈ ရက် ပညာပေးကာလကျော်လွန်ပါက အရေးယူသွားမည်ဟု မြဝတီဒေသအာဏာပိုင်အဖွဲ့မှ သတိပေး ကြေညာထား သည်။မတ် ၁၂ ရက်မှ မတ် ၁၈ ရက်နေ့အထိ ရက်သတ္တပတ် အသိပညာပေးကာလအဖြစ် သတ်မှတ်၍ လိုင်စင်မဲ့ယာဉ်များ စိစစ်တွေ့ရှိပါက တံတားဖြတ်သန်းခွင့်မပြုဘဲ ပြန်လည်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာနေကြောင်း မြို့ခံပြည်သူအချို့က တိုင်ကြားခဲ့သဖြင့် မြဝတီဒေသအာဏာပိုင်းများက ယခုကဲ့သို့ လိုင်စင်မဲ့မော်တော်ယာဉ်များအား ကန့်သတ်ရခြင်းဖြစ်ကြောင်း သိရသည်။



