back

ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်မှ ပျောက်ဆုံးနေသူကို ငါးကန်အတွင်းမှာ သေဆုံးလျှက်ပြန်တွေ့

Mar 16 • 1:39 PM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်မှ ပျောက်ဆုံးနေသူကို ငါးကန်အတွင်းမှာ သေဆုံးလျှက်ပြန်တွေ့

ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်မှ ပျောက်ဆုံးနေသည့်အမျိုးသားတဦးကို ငါးမွေးကန်အတွင်း သေဆုံးလျှက်ပြန်တွေ့ရကြောင်း ဒေသခံတဦးထံက သိရသည်။သေဆုံးသူကို ပန်းတေ...

ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်မှ ပျောက်ဆုံးနေသည့်အမျိုးသားတဦးကို ငါးမွေးကန်အတွင်း သေဆုံးလျှက်ပြန်တွေ့ရကြောင်း ဒေသခံတဦးထံက သိရသည်။သေဆုံးသူကို ပန်းတောင်းမြို့နယ် နတ်မောက်အုပ်စု ရေဝင်ကျေးရွာအနီး စိမ်းညိုမြ ထမင်းဆိုင်၏ နောက်ဘက်ကပ်လျက်ရှိ ပေ ၂၀၀ ပတ်လည်ခန့် ငါးမွေးမြူရေးကန်အတွင်း၌ မတ်လ ၁၅ ရက် ယမန်နေ့ နံနက် ၉ နာရီခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။အလောင်းကို ပန်းတောင်းမြို့နယ် ဆေးရုံရင်ခွဲရုံတွင် စစ်ဆေးပြီး ပန်းတောင်းရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ထား​ကြောင်း သိရပါသည်။


news-view-count-icon

15