back

အခြေခံပညာကျောင်းသားများ နွေရာသီတွင် ကျောင်းပြန်တက်ရမည်

Mar 16 • 11:09 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အခြေခံပညာကျောင်းသားများ နွေရာသီတွင် ကျောင်းပြန်တက်ရမည်

အခြေခံပညာ ကျောင်းသား ကျောင်းသူတွေ နွေရာသီမှာ ရက်ပေါင်း ၂၀ ကျောင်းပြန်တက်ရမယ်လို့ ရန်ကုန်တိုင်းအခြေခံပညာဦးစီးဌာနက သိရပါတယ်။  “ဧပြီလ ၁ ရက်နေ့တက်ရဖို့ များပါတယ်။ ဧ...

အခြေခံပညာ ကျောင်းသား ကျောင်းသူတွေ နွေရာသီမှာ ရက်ပေါင်း ၂၀ ကျောင်းပြန်တက်ရမယ်လို့ ရန်ကုန်တိုင်းအခြေခံပညာဦးစီးဌာနက သိရပါတယ်။  “ဧပြီလ ၁ ရက်နေ့တက်ရဖို့ များပါတယ်။ ဧပြီလထဲမှာ ၁၅ ရက်နဲ့ မေလထဲမှာ ၅ ရက် တက်ရမှာပါ။ အဓိကက အင်္ဂလိပ်စာသင်ပေးမယ်။ အင်္ဂလိပ်စာမတက်ချင်တဲ့ ကျောင်းသား ကျောင်းသူတွေကို ကျောင်းသင်ခန်းစာတွေ ပြန်သင်ပေးမှာပါ။ မတက်မနေရမဟုတ်ပါဘူး။” အဆိုပါကျောင်းတက်ရက်တွေအတွက် သင်တန်းကြေးပေးစရာမလိုဘဲ တရက်ကို ကျောင်းတက်ချိန် အများဆုံး ၂ နာရီလောက်သာ သင်ကြားမှာဖြစ်ပြီး သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေကိုလည်း တာဝန်ခွဲဝေချထားပေးမယ်လို့ သိရပါတယ်။  နွေရာသီမှာ ကျောင်းတက်ဖို့ အခြေခံပညာကျောင်းတွေတင် အကျုံးဝင်တာမဟုတ်ဘဲ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေပါ အကျုံးဝင်တာကြောင့် ပုဂ္ဂလိကကျောင်းတွေလည်း ကျောင်းဖွင့်အတွက် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 


news-view-count-icon

31