back

ပဲခူးမြို့ဇနီးဖြစ်သူသေဆုံးမှုမှ ထွက်ပြေးတိမ်းရှောင်နေသော အမျိုးသားဖြစ်သူ အောင်မြင့်မြတ်အားဖမ်းဆီးရမိ

Mar 16 • 11:08 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးမြို့ဇနီးဖြစ်သူသေဆုံးမှုမှ ထွက်ပြေးတိမ်းရှောင်နေသော အမျိုးသားဖြစ်သူ အောင်မြင့်မြတ်အားဖမ်းဆီးရမိ

ပဲခူးမြို့ လက်ဝဲသုန္ဒရလမ်းတွင် ဖြစ်ပွားခဲ့သည့် ဇနီးဖြစ်သူသေဆုံးမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားဖြစ်သူ အောင်မြင့်မြတ်ကို ယနေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒ...

ပဲခူးမြို့ လက်ဝဲသုန္ဒရလမ်းတွင် ဖြစ်ပွားခဲ့သည့် ဇနီးဖြစ်သူသေဆုံးမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားဖြစ်သူ အောင်မြင့်မြတ်ကို ယနေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။" သူ့မိဘနေအိမ်မှာပဲ ဖမ်းမိတာ။ သူတို့လင်မယားက ခဏခဏရန်ဖြစ်သံကြားတယ်။ ကောင်လေးကပုံစံကြည့်ရင်အေးမလိုနဲ့ မိန်းမကိုတအားနိုင်တာ။ကောင်မလေးက တော်တော်သည်းခံရှာတယ်။ အခုကျတော့ ရန်ဖြစ်ရင်းလက်လွန်သွားတယ်လို့ ပြောတယ်"ဟု ပဲခူးမြို့ စိန်ထွန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ဇနီးဖြစ်သူသေဆုံးမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားဖြစ်သူ အောင်မြင့်မြတ်အား မတ်လ ၁၆ ရက်နေ့ နံနက် ၁၀:၃၀အချိန်မှာ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



news-view-count-icon

20