၂၀၂၅ ခုနှစ် နွေရာသီမှာ အပူချိန် မများနိုင်သော်လည်း နွေ ရာသီကာလ ဖြစ်လေ့ရှိသော ပူပြင်းခြောက်သွေ့သည့် လေ ပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုနေထိုင်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်း ပြောဆိုချက်အရ သိရပါတယ်။လက်ရှိ နွေရာသီကာလအတွင်းသို့ ဝင်ရောက်လာနေပြီဖြစ်သောကြောင့် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာသော်လည်း အယ်လ်နီညိုဖြစ်ခဲ့သည့် ၂၀၂၄ ခုနှစ်လောက် ၂၀၂၅ ခုနှစ် နွေရာသီတွင် အပူချိန်မများနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ရေးထားပါတယ်။၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖြစ်လာနိုင်သည့် အပူချိန်ကြို တင်ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ချင်းပြ ည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှဖြစ်မြဲ အပူချိန်အထက် ဝ.၅°C မှ ၁°C အထိ ပိုမိုပူပြ င်းနိုင်သည်ဟုဆိုပါတယ်။
မြန်မာနိုင်ငံတွင် နွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ် အထူးဂရုပြုနေထိုင်ရန် လိုအပ်ဟုဆို
Mar 16 • 8:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


